စဉ့်ကိုင်မြို့နယ် ရန်ကင်းပရဟိတကျောင်းတွင် အသက် (၁၀) နှစ်အောက် ကလေးငယ်များအား အာဟာရနို့တိုက်ကျွေး

စဉ့်ကိုင် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏  စီစဉ်ကြီးကြပ်မှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ  အသက်(၁၀) နှစ်အောက်  ကလေးငယ်များအား အဟာရနို့တိုက်ကျွေးခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်  ဘယ်လင်း ကျေးရွာအုပ်စု၊ မြောက်ကျောက်မိုင်း ကျေးရွာရှိ အဝေရာရာမ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် ယနေနံနက် (၁၀) နာရီက အာဟာရနို့ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဝေရာရာမ ရန်ကင်းပရဟိတကျောင်းတိုက် ဆရာတော်  အရှင်အာလောကအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်  မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့၀င်များက  လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး အသက် (၁၀) နှစ် အောက် ကလေးငယ် (၄၀) ဦးတို့အား ကိုဗစ်-၁၉ရောဂါ  ကာကွယ်ရေးအနေဖြင့် နှာခေါင်းစည်းများ စနစ်တကျ တပ်နည်း/ ချွတ်နည်း လက်ဆေးနည်းများကိုပြသ၍ အာဟာရနို့များ တိုက်ကျွေးခဲ့ကြပြီး ရှေးဦးအရွယ် ကလေးသူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး ကျန်းမာသန်စွမ်းစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ အဟာရနို့များ တိုက်ကျွေးခြင်းကို အောက်တိုဘာလမှ စတင်၍ အပတ်စဉ်ပုံမှန် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ညိုညို၀င်း