မံစီ၌ ကတ္တားဂိတ် (Weight Bridge)ကို ဖြတ်ကျော်ရန်အတွက် တင်​ဆောင်လာသည့် ကုန်ပစ္စည်းများကို တန်ချိန် လျှော့စေရန် ဂိတ်အနီး၌ အခြားယာဉ်တစ်စီးဖြင့် ကဲ့၍သွားလာနေသည့် မော်တော်ယာဉ်များကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး

မံစီ ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စု လမ်းမကြီး Km(569.50) ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)ကို ဖြတ်ကျော်ရန်အတွက် ကုန်တင်ယာဉ်များမှ ကုန်ပစ္စည်းများကို တန်ချိန်လျှော့စေရန်  ဂိတ်အနီး၌ အခြားယာဉ် တစ်စီးဖြင့် ကဲ့၍ သွားလာနေသည့် မော်တော်ယာဉ်များကို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)   ဦးသက်မျိုးနိုင်နှင့် တာဝန်ရှိသူများက သွားရောက် အသိပေး ခဲ့ကြကြောင်း သိရသည်။

ဆက်လက် လုပ်ဆောင်နေသူများကို (၁၉.၁၂.၂၀၂၀) ရက်နေ့ကစတင်ပြီး လမ်းမကြီးများ ဥပဒေ  ပုဒ်မ ()()၊ ပုဒ်မ()()နှင့် ပုဒ်မ()(က)အရ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက် သွားဖြစ်ကြောင်း သိရသည်။

လမ်းမကြီးပေါ် သတ်မှတ်ကုန်တင်တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနှင်ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို အရေးယူဆောင်ရွက်ရန်အတွက် ပညာပေးကာလအဖြစ်    နိုဝင်ဘာ   ၁၁ ရက်နေ့မှ  ၂၄  ရက်နေ့အထိ   အသိပညာပေးခြင်း၊   ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် ပညာပေးကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ပြီး အရေးယူဆောင်ရွက်မည် ဖြစ်သော်လည်း တောင်းဆိုချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ပညာပေးကာလကို ထပ်မံတိုးမြှင့် ဖြေလျှော့ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ရက်နေ့က စတင်ပြီး အရေးယူ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်များမှ တန်ပိုများ လျှော့ချရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)