ရွှေကူ ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခန့်တွင် ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များ၌ သွားရောက်၍ Myanmar Fitness Dance ဖြင့် ကပြခြင်းများ ပြုလုပ်ခဲ့သည်။
Myanmar Fitness Dance ဖြင့် ကပြခြင်းများဆောင်ရွက်ရာတွင် မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခန့်မျိုးမောင် ဦးဆောင်သော Myanmar Fitness Dance အကအဖွဲ့မှ ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များ၌ ဝင်ရောက်လျက်ရှိသော ပြည်သူများအား စိတ်ဖိစီးမှုများ လျော့ချနိုင်စေရန်၊ စိတ်ပင်ပန်းမှုများ ပြေပျောက်စေရန်နှင့် ကျန်းမာ ပျော်ရွှင်စွာဖြင့် နေတတ်စေရန်ရည်ရွယ်၍ Myanmar Fitness Dance အကဖြင့် သွားရောက်ကပြကာ ဆောင်ရွက်ရခြင်းဖြစ်ကြေင်းသိရသည်။
အဆိုပါ Myanmar Fitness Dance အကအဖွဲ့မှ ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များဖြစ်သော လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း (ယာယီ ဆေးကုသဆောင်)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centreနှင့် ရွှေကူမြို့နယ် ပန်းတင် ကျေးရွာရှိ Facility Quarantine Centre များတွင် Myanmar Fitness Dance အကဖြင့် သွားရောက် ကပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)