မိုးမိတ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ပြည်နယ်အဖွဲ့ဝင် ဒေါ်နန္ဒာလွင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် သက်ငယ်မုဒိမ်းမှုကင်းစင်ရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ဗီနိုင်းများ ကပ်ခြင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို မြို့ပေါ်(၄)ရပ်ကွက်နှင့် ရွှေဇာလီကျေးရွာ၊ အုန်းကြောရွာဟောင်းနှင့် ရွာသစ်တို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)