သာပေါင်း ဒီဇင်ဘာ ၁၆
သာပေါင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာမှ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းအမှတ်စဉ် (၃/၂၀၂၀)ကို တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဖွင့်လှစ် သင်ကြားပို့ချ ပေးလျက်ရှိသည်။
အခမ်းအနားတွင် အမှတ်(၂)၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးမှူး ဒေါ်၀တ်ရည်စိုး မှ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် ဘာသာရပ်များ၊ သင်တန်းအချိန်ဇယားနှင့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး တောင်ကလေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦး၀င်းထွန်း က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းအမှတ်စဉ်(၃/၂၀၂၀)ကို ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များ နှင့်အညီ (ဒီဇင်ဘာလ ၁၆ ရက်နေ့ မှ ၂၂ ရက်)နေ့အထိ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအချိန်အထိ သင်တန်းဆရာများမှ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တတ်ရောက် သင်ယူကြ လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း၊ သာပေါင်း(ပြန်/ဆက်)