ညောင်ဦး ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံအလှ ပုဂံရသ ဓာတ်ပုံဝါသနာရှင်များအဖွဲ့မှ ဦးမင်းမင်းဦးနှင့် ဦးဖိုးကျော် ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အခက်အခဲဖြစ်ပေါ်နေသော အိမ်ထောင်စု ၃၀၀ ကို ဒီဇင်ဘာ ၁၆ရက်နေ့က မီးဖိုချောင်သုံးပစ္စည်း များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပုဂံအလှ ပုဂံရသဓာတ်ပုံဝါသနာရှင်များအဖွဲ့က ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို Online က ရောင်းချခဲ့ပြီး ရောင်းချခဲ့ရသည့် ဓာတ်ပုံဖိုး ရရှိငွေများနှင့် ဆရာတော် ဘဒ္ဒန္တသာဂရာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တာဝါစက ပဏ္ဍိတ၊ သစအဓမ္မာစရိယ၊ သာယာဝင်းကျောင်းဆရာတော် မြတောင်တိုက်မှ တစ်သိန်းကျပ်၊ ဦးအောင်ပြည့်စုံ+ဒေါ်မျိုးရတနာထိုက် မိသားစုက ၁၀ သိန်းကျပ်၊ ဦးမျိုးသီဟကျော်မိသားစုမှ ၁ သိန်းကျပ်နှင့် လှူရှင်များကမတည်ကာ ပုဂံအလှ ပုဂံရသ ဓာတ်ပုံဝါသနာရှင်များမှ ဓာတ်ပုံပေါင်း ၄၀၀ ကျော်ကို ရောင်းချရရှိငွေဖြင့် အိမ်ထောင်စု ၃၀၀ ကို ဆန်၊ ဆီ၊ ကြက်ဉ၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန် အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပုဂံ-ညောင်ဦးမြို့ ပုဂံအလှ ပုဂံရသဂရုမှဓာတ်ပုံဆရာညီအကိုများ၏ ဓာတ်ပုံများကို ရောင်းချ၍ ရရှိလာသော ငွေများနှင့် မတည်အလှူရှင်များ၏ငွေဖြင့် ပုဂံမြို့သစ်နှင့် ဘုရားအစောင့်များ အိမ်ထောင်စု ၁၃၀၊ ညောင်ဦးမြို့ရှိ အိမ်ထောင်စု ၇၀၊ တောင်ဘီ ရပ်ရှိ အိမ်ထောင်စု ၅၀၊ မြင်းကပါ ရပ်ရှိ အိမ်ထောင်စု ၅၀၊ စုစုပေါင်း အိမ်ထောင်စု ၃၀၀တို့အား အိမ်ထောင်တစ်စုလျှင် ဆန် ၄ ပြီ၊ ဆီငါးဆယ်သား၊ ကြက်ဥဆယ်လုံး၊ ခရမ်းချဉ်သီးနှစ်ပိသာ၊ ကြက်သွန်တစ်ပိသာ၊ အာလူး တစ်ပိသာ ဆီလှူဒါန်းပေးနိုင်ခဲ့ကြောင်း Bagan Mg ထံက သိရသည်။
ကိုထိန်၊KPD