မိုးကုတ် ဒီဇင်ဘာ ၁၆
မိုးကုတ်မြို့နယ် ကျောက်ဆင်ကျေးရွာတွင် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်နိုင်ရန် ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးတို့သည် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက်၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နွဲ့နွဲ့ရီနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကျန်းမာရေး ဌာန တာ၀န်ရှိသူတို့နှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦ ဆောက်လုပ်နိုင်ရေး မြေနေရာကို ကွင်းဆင်းတိုင်းတာ ကြည့်ရှု့စစ်ဆေးကာ အမြန်အကောင်အထည်ဖော်ဆောင် ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)