ကန်ကြီးထောင့် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်သူတိုင်း Mask တပ်ဆင်မှုရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဒါးကကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒါးကကျေးရွာအတွင်းနှင့် ဒါးက မြို့မဈေးတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းများနှင့် နေအိမ်ပြင်ပ ထွက်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှု ရှိ/မရှိတို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး Mask များကို စနစ်တကျတပ်ဆင်ကြရန် အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါတွေ့ရှိသည့် အတည်ပြုလူနာ (၅၈)ဦးရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ (၅၃)ဦးရှိပြီး ကုသဆဲလူနာ (၅)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
နန်းထိုက်(ပြန်/ဆက်)