ရွာငံမြို့နယ်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရွာငံ      ဒီဇင်ဘာ     ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာ အုပ်စု၊ ရေဦးအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲ ပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်း၊ နိပွန်ဖောင်ဒေးရှင်းမှ စီမံကိန်းဒါရိုက်တာ ဒေါ်အေးအေးသန့်၊ နယ်စပ်ဒေသမှ ဦးစီးအရာရှိ ဦးစိုင်းထီးဆိုင်၊ ကျောင်းအကျိုး တော်ဆောင် တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး စီမံကိန်း ဒါရိုက်တာမှ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းမှု နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းဆောင်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ် အလံများ နေရာအရောက် ပေးအပ်ခြင်း၊ အလှူငွေများ ပေးအပ်ခြင်းတို့ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ရေဦးအခြေခံပညာ အထက်တန်း ကျောင်းဆောင်သစ်ကို ပေ (၉၀ × ၃၀) သံကူကွန်ကရစ်၊ တစ်ထပ်ကျောင်းဆောင်၊ အုတ်ကာ၊ အလူးဇင့်မိုး၊ အင်္ဂတေခင်း ဖြစ်ပြီး ပေ ( ၃၀ × ၂၄)ရှိ စာသင်ခန်း()ခန်း၊ အလံတိုင်()တိုင်၊ ()ခန်းတွဲ အိမ်သာ ()လုံး၊ ပေ (× × ) ရှိ ရေလှောင် ကန်()ကန်၊ ဆရာစားပွဲ/ ကုလားထိုင်()စုံ၊ ကျောင်းသား စာရေးစားပွဲ/ ထိုင်ခုံ(၄၅)စုံ၊ ဝှိုက်ဘုတ်() ချပ်၊ တို့ပါဝင်ပြီး နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) ပံ့ပိုးငွေနှင့် ဒေသခံများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ရွာငံ)