ဇမ္ဗူသီရိ၊ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက် အင်ကြင်းဈေးတွင် ယနေ့နံနက် (၈) နာရီအချိန်က မီးဘေးလုံခြုံရေး ဟောပြော စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဟောပြော စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာသို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ (အင်ကြင်းဈေး) တာဝန်ခံနှင့် ဝန်ထမ်းများ ဈေးသူဈေးသားများ တက်ရောက်ခဲ့သည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဉီးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအား စစ်ဆေးခြင်း၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားပြီး မီးသတ်ယာဉ်၊ မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်ခြင်းများကို လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)