မိုင်းယောင်း၌ အသွားအလာ ကန့်သတ်ခြင်းကာလ ပြည့်ပြီးသူများအား အိမ်ပြန်ခွင့်ပြု

 

 မိုင်းယောင်း ဒီဇင်ဘာ ၁

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့တွင် အသွားအလာ ကန့်သတ်ခြင်း ကာလ ၁၄ ရက်ပြည့်ပြီးသူ ၄၁ ဦးကို မန်နေ့ ညနေပိုင်းက အိမ်ပြန်ခွင့်ပေးလိုက်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီညီဝင်းက နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ဖို့ လူအများနဲ့ ထိတွေ့ မှုကို တတ်နိုင်သမျှ လျှော့ချဖို့က အဓိက အကျဆုံး ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသွား အလာ ကန့်သတ်ခြင်းကာလ ၁၄ ရက်ပြည့်အောင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်ဟု ပြောကြား သည်။

ဆက်လက်၍ ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းလောင်ခမ်းက အိမ်တွင် ထားရှိ အသွားအလာ ကန့်သတ်ခြင်း၊ နောက်ထပ် ခုနစ်ရက်အတွင်း လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ ဝတ်ဆင်ခြင်း စသည့် ကျန်းမာရေး အသိပညာ ပေးအချက်အလက်များကို ရှင်းလင်း ပြောကြား သည်။

ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီညီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းကိန်ခမ်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းညို၊ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိ သူများက ကျန်းမာရေးထောက်ခံစာများကို တစ်ဦးချင်း ပေးအပ်ခဲ့သည်။

အဆိုပါ အသွားအလာ ကန့်သတ်ခြင်းကာလ ပြည့်ပြီးသူများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာ မြို့နယ်မှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး ဝမ်ဘိုးကျေးရွာအုပ်စုရှိ ..က(ဝမ်ပုံ) Quaratine Center ..က (ယမ်းလဲ) Quaratine Center ..က(ယမ်းမွန်း) Quaratine Center ..က(ဝမ်ဘိုး) Quaratine Center နှင့် ..က(ပါမုန်) Quaratine Center တို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူထားသူများဖြစ်ပြီး ၎င်းတို့အား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒေါက်တာစိုင်းအောင်မိုးနှင့် ဦးအောင်ချမ်းပြည့်တို့က မော်တော် ယာဉ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း