တွန်းဇံမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတွင် ကွန်ကရစ်လမ်း ပေ(၃၀၀)ခင်းခြင်း စတင် ဆောင်ရွက်

တွန်းဇံ           ဒီဇင်ဘာ        ၁၆

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀-၂၀၂၀၁ ဘဏ္ဍာနှစ်တွင် တွန်းဇံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်း အိမ်ယာရှေ့ ကွန်ကရစ်လမ်း ပေ(၃၀၀)ခင်းခြင်း လုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  ပြည်ထောင်စု ရန်ပုံငွေ (၁၇.၃၄၀)ကျပ်သန်းဖြင့် ကွန်ကရစ်လမ်း ပေ(၃၀၀)ခင်းခြင်း လုပ်ငန်းကို Rhema Foundatiom ကုမ္ပဏီမှ  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ(၃၀၀)၊ အကျယ်(၁၂)ပေနှင့် ကျောက် (၆)လက္မနှင့် ကွန်ကရစ်(၇)လက္မထုဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)