ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းလှူဒါန်း

ဟားခါး ဒီဇင်ဘာ ၁၇

ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းလှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ငွေကျပ်သိန်း (၂၀) တန်းဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် Machine CPAP (၁) ခု လှူဒါန်းခြင်းကို  ဟားခါးပြည်သူ့ဆေးရုံကြီး အသုံးပြုနိုင်ရန်အတွက် မဇ္ဇျိမ ပရဟိတအဖွဲ့ (ရန်ကုန်မြို့၊ မြောင်းမြမြို့) မှ ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)