တွန်းဇံ ဒီဇင်ဘာ ၁၇
ရန်ကုန်မြို့မှ တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာပြီး Community Based Facility Quarantine ဝင်ရောက်သူများကို Swab ရယူပြီး Rapid Test ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ထို့သို့ Swab ရယူပြီး Rapid Test ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် တွန်းဇံမြို့မှ ရန်ကုန်မြို့သို့ ကျောင်းတက်ရန် သွားရောက်ခဲ့ပြီး (၅-၁၂-၂၀၂၀)ရက်နေ့တွင် သူငယ်ချင်း(၄)ဦး နှင့်အတူ အငှားယာဉ်ဖြင့် ရန်ကုန်မြို့မှ တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက် လာခဲ့ကြသည်။ရန်ကုန်မြို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများကို တွန်းဇံမြို့ Community Based Facility Quarantine တွင် အသွားအလာ စောင့်ကြည့်ကန့်သတ် ထားရှိခဲ့သည်။
အဆိုပါ Quarantine ဝင်ရောက်သည့် ခရီးသွားပြည်သူများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် Swab ရယူပြီး RapidTest ဖြင့် စစ်ဆေးခဲ့ရာ ရန်ကုန်မှ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုး Positive ပြလျက်ရှိသောကြောင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် ထားရှိလျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)