ခိုင်ကမ်း ဒီဇင်ဘာ ၁၇
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများတင်ဒါ အောင်မြင်သူစာရင်းကို မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာခဲ့ပါသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ခိုင်ကမ်းမြို့တွင် ကျပ်သန်း(၁၀၀)အထက် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်း နှစ်ခုမှ ခိုင်ကမ်းလမ်းမကြီးအား ကတ္တရာခင်းခြင်း(၅၂၈၀×၁၈)ပေကို ပန်းလိပ်ပြာကုမ္ပဏီနှင့် Myanmar Power Solotion ကုမ္ပဏီတို့က တင်ဒါအောင်မြင်ခဲ့ပြီး၊ မီးသတ်ရုံးနှင့် လျှပ်စစ်ရုံးသွား လမ်းကွန်ကရစ်ခင်းခြင်း (၁၃၀၀×၁၈)ပေကို Van Zion နှင့် Nat Mauk Hlawn Moe ကုမ္ပဏီတို့က တင်ဒါအောင်မြင် ခဲ့ကြကြောင်း သိရသည်။
ယင်းတင်ဒါအောင်မြင်သည့် စာရင်းများကို ဌာနတွင်းကြော်ငြာသင်ပုန်းနှင့် ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းများတွင် အများပြည်သူ သိရှိနိုင်ရန် ကြော်ငြာထားကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)