ကလော ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ ကလောမြို့အဝင် ရှာဖွေစစ်ဆေး ရေးဂိတ်တွင် ယာဉ်မောင်းနှင့် အတူလိုင်စင်မဲ့မော်တော်ယာဉ်များကို ဒီဇင်ဘာလ (၁၅) ရက်နေ့ ညပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကလောမြို့မ ရဲ စခန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ကလောမြို့အဝင် ရှာဖွေစစ်ဆေးရေးဂိတ်၌ စစ်ဆေးရေးပြုလုပ်နေစဉ် သာစည်ဘက်မှ ကလောမြို့သို့ မောင်းနှင်လာသည့် HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီး၊ WISH အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီး၊ ALPHARD အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီး၊ HILUX အမျိုးအစားအဖြူရောင် မော်တော်ယာဉ် တစ်စီး၊ FUSO အမျိုးအစားအဖြူရောင် မော်တော်ယာဉ် တစ်စီး၊ CANTER အမျိုးအစား အဖြူရောင် မော်တော်ယာဉ် နှစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် (၇)စီးမှာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်အား လက်ဝယ်ထားရှိစီးနှင်း မောင်းနှင်လာသူများ ကို ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)