လောင်းလုံး ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းမှစ၍ လောင်းလုံးမြို့နယ်၊ ပြင်ချောင်းကျေးရွာနှင့် ကြက်ယက်တွင်း ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို စစ်ဆေးဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ် ဦးစီးမှူး၊ ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ပြင်ပတွင်ရောင်းချနေသော စက်သုံးဆီ ဆိုင်များအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ် ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)