လဲချား ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေး ဌာနတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊နှာခေါင်းစည်း (Mask)များ တပ်ဆင် စေပြီး အသက်(၁)နှစ်ခွဲအောက် ကလေး များကို ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ပိုလီယို၊ပြင်းထန် အဆုတ် ရောင်၊ ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် လဲချားမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်မှ ကလေးငယ်များအား ကျမ်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)