တီးတိန် ဒီဇင်ဘာ ၁၇
တီးတိန်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ပါသည်။
တီးတိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချုးရင့်အထွေထွေရောင်းဝယ်ရေးနှင့် ထွန်းဂရု သယ်ယူပို့ဆောင်ရေးတို့မှ PPE ဝတ်စုံ -၂၀၀၀ ခု၊ Face Shield -၂၀၀၀ ခု၊ MASK (KN-95-၁၀၀၀ ခု၊ Alcohol Spray (100ml)-၂၅၀ ဗူးနှင့် အသိပညာပေးဗီနိုင်းပိုစတာ (၇) ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ခံတို့မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)