မြစ်သား ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ ကိုဗစ်-၁၉ ရာဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ သွားလာသည့်အချိန်တိုင်းတွင် Mask တပ်ဆင်သွားလာစေရေးအတွက် Mask Campaign နှင့် အသိပညာပေးခြင်းများ ကို ယနေ့နံနက်(၈)နာရီအချိန်က မြစ်သားမြို့ ဗိုလ်ချုပ်လမ်း၊ ရွှေမုဌောဘုရားရှေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၏လမ်းညွှန်မှုအရ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမျူး များ ပူးပေါင်း၍ နေအိမ် ပြင်ပသို့သွားလာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ Mask ကိုစနစ်တကျတပ်ဆင်ရေးအတွက် အသိပညာပေးခြင်း၊ Mask မပါရှိသူများ အား စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း ၊ Mask တပ်ဆင်လာမှု မရှိသူ များအား တစ်ဦးလျှင် ဒဏ်ငွေ(၂၀၀) ကျပ်နှုန်း ပေးဆောင်စေခြင်း၊ စည်းကမ်းလိုက် နာမှုမရှိကြောင်း အကြိမ်ကြိမ် တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြစ်သားမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့နည်းစေရေးနှင့် ပပျောက်ရေးအတွက် ပြည်သူလူထုမှ ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးထားဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ နေ့စဉ် မြို့နယ်များအတွင်းရှိ သတ်မှတ် နေရာများအလိုက် တစ်ရက်လျှင်(၂) ကြိမ် Mask Campaign နှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှသိရသည်။
မြမြမွန်(ပြန်/ဆက်)