မြောင်းမြ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်−၁၉ ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား မြောင်းမြမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက Nasopharyngeal swab နှင့် Oropharygeal swab နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ် ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းကို ဒီဇင်ဘာ (၁၅) ရက်နေ့ (၁၂:၀၀) အချိန်က ဆောင်ရွက်ခဲ့ပြီး ထိတွေ့ဆက်စပ်သူ (၁၇၂) ဦးတို့၏ swab ဓါတ်ခွဲနမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာန (NHL) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ (၁၇−၁၂−၂၀၂၀) ရက်နေ့တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိသူ (၁၈) ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဦးစီးမှူး Drတင့်တင့်ကျော် ၏ ပြောကြားချက် အရသိရသည်။
မြောင်းမြမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ (၁၆၉) ဦး၊ သက်သာပျောက်ကင်းသူ (၉၈) ဦး၊ သေဆုံးသူ (၄)ဦး ရှိကြောင်း သိရသည်။
စန္ဒာကြည်(မြောင်းမြ)