နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၅ ဦးကို လွှဲပြောင်း ပို့ဆောင်ပေး

 

တာချီလိတ် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၇ ဦး၊ ကလေးမ ၂ ဦး စုစုပေါင်း ၁၅ ဦး တို့ကို မြန်မာတာဝန်ရှိပုဂ္ဂိုလ်များမှ ယမန်နေ့ နေ့လည်အချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လွဲပြောင်းပို့ဆောင်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ထိုင်းနိုင်ငံသားများမှာ ကိုဗစ် -၁၉ ကူးစက်ရောဂါ မဖြစ်ပွားသေးခင် အချိနက တာချီလိတ်မြို့သို့ လာရောက် အလုပ် လုပ်ကိုင်နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ကိုဗစ် -၁၉ စတင်ဖြစ်ပွားချိန်မှစ၍ စက်ရုံ အလုပ်ရုံများ ပိတ်ပင်မှုကြောင့် အလုပ်အကိုင်ရှားပါး လာခြင်းနှင့် တာချီလိတ်မြို့တွင် ကိုဗစ်−၁၉ ကူးစက်နေမှုကြောင့် မိခင်ထိုင်းနိုင်ငံသို့ ပြန်လိုသဖြင့် တာချီလိတ်မြို့ လဝက ဌာနခွဲ(၆)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှရွှေ့လျား ကိုဗစ်−၁၉ ရောဂါစစ်ဆေးရေးစက်ဖြင့် စနစ်တကျစစ်ဆေးပြီး တံတား(၂)တာဝန်ခံနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)