ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဒေးဒရဲ  ဒီဇင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် သိရှိလိုက်နာရမည့် အသိပေးချက်များကို ဒေးဒရဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်း၍ ဒေးဒရဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်များနှင့် ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်စေရေး အသံချဲ့စက်များဖြင့် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)