နမ့်စန်(တ) ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ငွေဖြိုး(ဈေး) သမဝါယမအသင်း လီမိတက် ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေး နှင့် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်း သား/သူများ၏ သားသမီးများကို ဂုဏ်ပြု ငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်း အဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ သဘာပတိ ဦးမောင်မောင် က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်း က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သမဝါယမအသင်းစုဥက္ကဌ ဦးအောင်ဆယ် က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသင်းမှတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်း များကို ဖတ်ကြားတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်းက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား/သူများ၏ သားသမီး ၅ ဘာသာဂုဏ်ထူးရှင် (၁)ဦး ၊ ၁ဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂)ဦး စုစု ပေါင်း၄ ဦးကို ရိုးရိုးအောင် (၂၅၀၀၀ ကျပ်) ၊ ဂုဏ်ထူး ၁ ဘာသာ (၅၀၀၀ ကျပ်)နှုန်းဖြင့် စုစုပေါင်း ဂုဏ်ပြုငွေ (၁၃၀၀၀၀) ကျပ် နှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက အသင်းသူ/သား ၁၅၅ ဦး၏ စုဆောင်းငွေအပေါ် အတိုးနှင့် အစုပေါ်အမြတ်ငွေ စုစုပေါင်း ၃၀၁၃၂၁၈ ကျပ် ကိုထုတ်ပေးခဲ့ပြီး အဆိုပါအခမ်းအနားအပြီး တွင်ငွေဖြိုး (ဈေး)သမဝါယမအသင်းလီမိတက်၏ အမှုဆောင်အသစ်များရွေးချယ်ပွဲကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)