အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ညောင်လမ်းငူကျေးရွာ၌ ဆောင်းသီးနှံအဖြစ်မြေပဲများစတင်စိုက်ပျိုး

အမာ    ဒီဇင်ဘာ    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ညောင်လမ်းငူကျေးရွာ၌ တောင်သူဦးသိန်းထိုက်ဦး၏ လယ်မြေတွင် ဆောင်းသီးနှံအဖြစ် မြေပဲ စတင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပဲများစိုက်ပျိုးမှုကို ညောင်လမ်းငူကျေးရွာ တောင်သူဦးသိန်းထိုက်ဦး၏ လယ်မြေဧက (၃)ဧကတွင် တစ်ဧကလျှင်မြေပဲမျိုး(၆)တင်းနှုန်းဖြင့် မြေပဲ(၁၈)တင်း စိုက်ပျိုးခဲ့ ပြီး မြေပဲမျိုးကို မျိုးကောင်းမျိုးသန့် ရရှိစေရန် မြေပဲမျိုးအမည် ဆင်းပဒေသာ ၁၁ ကို စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် မြေပဲစိုက်ပျိုးနေမှုကို ဖျာပုံမြို့၊ စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တင်၊ အမာမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးအောင်ဖုန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးနည်း စနစ်များကိုလည်း အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

နော်လေး(အမာ)