ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရွာသစ် ဒီဇင်ဘာ ၁၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ နေရာများ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ ခရိုင်စာရင်း စစ်ရုံးအဖွဲ့နှင့် တာဝန်ရှိသူများက ရွာသစ်မြို့ တောင်ပိုင်းရပ်ကွက် Box Culvert တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဝမ်ဟော်အမကကျောင်း ပေ(၄၅၀) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဝမ်လွဲ့ ကျေးရွာ Box Culvert တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လွယ်ဝိုင်းကျေးရွာ Box Culvert တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းဆွေဆွေအေး (ပြန်ဆက်)