ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ဆက်လက်ဆောင်ရွက်

ရပ်စောက်      ဒီဇင်ဘာ        ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်စေရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က မြို့မဈေး မြောက်ဘက်အဝင်ပေါက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင် များတို့မှ ပူးပေါင်းကာ Mask တပ်ဆင်မှုမရှိသော လမ်းသွား လမ်းလာပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား သတိပေးမှတ်တမ်းတွင် လက်မှတ်ရေးထိုးစေပြီး Mask များကို အခမဲ့ ဝေငှပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခြင်း၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)