မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ၏ တစ်ပိုင်တစ်နိုင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မောက်မယ်       ဒီဇင်ဘာ      ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ မိမိတို့ အိမ်ခြံ၀င်းများတွင် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်   စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ များကို မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ  ပြည်သူများ လက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ရာမှ စတင်ပြီး ယခုနှစ်ဆောင်းရာသီတွင် ဒေသခံပြည်သူများ ဟင်းသီး ဟင်းရွက်များ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

ယခင်က ဟင်းသီးဟင်းရွက်များကို ပင်လုံမြို့မှတစ်ဆင့် ဝယ်ယူပြီး ရောင်းချခဲ့ရာ ယခုနှစ်တွင် ခြံစိုက်တောင်သူများမှ  ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆောင်းသီးနှံများဖြစ်သည့် မုန်လာထုပ် ၊ ပန်းမုန်လာ ၊ ကန်စွန်းရွက် ၊ မုန်ညင်း ၊ ပဲတောင့်ရှည် ၊ ကြက်ဟင်းခါးသီး ၊ ငရုပ်သီး ၊ မုန်လာဥ ၊ ရုံးပတီသီး ၊ ခရမ်းသီး နှင့် ခရမ်းချဉ်သီး စသည့် ဟင်းသီးဟင်းရွက်များ မိမိတို့ ဥယျာဉ်ခြံတွင် ပိုမိုစိုက်ပျိုးလာကြသဖြင့်  ဒေသခံခြံစိုက်တောင်သူများ ဝင်ငွေတိုးကာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိကြောင်း  ဒေသခံခြံစိုက်တောင်သူများ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)