တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စပါးစိုက်ကွက်ကွင်းပေါင်း(၁၄)ကွင်း ရေကြီးနစ်မြုပ်

တနိုင်း  ဇူလိုင်  ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဇူလိုင်လမှစ၍  မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်  တနိုင်းချောင်း၊ နန်ဗျူချောင်း၊ မဂွေတောင်ချောင်း၊ နန့်ခမ်းယန်ချောင်း၊ ကိုင်ထောင်ချောင်းနှင့် အီးတီချောင်းများ ရေလျှံတက်မှုကြောင့်  တနိုင်းမြို့နယ်၌ စပါး စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်သည့်နေရာများမှာ ဒူးကောင်းရပ်ကွက်တွင် စပါးစိုက်ကွက် ကွင်း‌ပေါင်း (၅)ကွင်း၊ တောင်သူပေါင်း(၇၉)ဦး၊ ဧက(၂၉၂)ဧက၊ ကင်ဆားရာရပ်ကွက်တွင် (၁)ကွင်း၊ တောင်သူပေါင်း(၁၁)ဦး၊ ဧက(၄၈) ဧက၊ ပုန်ခုန်းရပ်ကွက်တွင်(၁)ကွင်း၊ တောင်သူပေါင်း (၁၀)ဦး၊ ဧက(၂၂)ဧက၊ ဆင်မ်ဆာ့ရပ်ကွက်တွင် (၁)ကွင်း၊ တောင်သူပေါင်း(၃)ဦး၊ ဧက(၁၁)ဧက၊ မုန်ဒိန်ရပ်ကွက်တွင်(၁)ကွင်း၊ တောင်သူပေါင်း(၉)ဦး၊ ဧက(၁၀)ဧက၊ ကောင်ရာကျေးရွာ အုပ်စုတွင်(၄)ကွင်း၊ တောင်သူပေါင်း(၁၂၃)ဦး၊ ဧက(၁၀၁၇)ဧက၊ မိုင်းခွန်ကျေးရွာ အုပ်စုတွင် (၁)ကွင်း၊ တောင်သူပေါင်း(၂၇)ဦး၊ ဧက(၁၃၂)ဧက စုစုပေါင်းကွင်း(၁၄)ကွင်း၊ တောင်သူ(၂၆၂)ဦး၊ ဧက(၁၅၃၂)ဧက ဖြစ်ကြောင်း တနိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွေးလှိုင်ထံမှ သိရသည်။

ဝါဝါ(ပြန်/ဆက်)