ညောင်ဦး ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမျိုးသမီးကော်မတီမှ ဦးဆောင်ကာ ပုဂံမြို့နှင့် ညောင်ဦး မြို့နယ်အတွင်း နေရာ လေးနေရာတွင် ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ နှာခေါင်းစည်းများ အိမ်အပြင်ထွက်သူတိုင်း တပ်ဆင်သွားလာစေရေး ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီမှ ဦးဆောင်ကာ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ပုဂံမြို့သစ်ဈေးကြီးမှဝန်ထမ်းများ၊ ညောင်ဦးမြို့ မဏိစည်သူဈေးမှ ဝန်းထမ်းများ ပူးပေါင်းပါဝင်ကာ မြင်းကပါဈေးအတွင်း ဈေးရောင်း ဈေးဝယ်များအား နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ ပုဂံမြို့သစ်ဈေးကြီး အတွင်းအပြင်နှင့် ညောင်ဦးမြို့ မဏိစည်သူ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ်များ၊ လမ်းသွား လမ်းလာများ၊ ဘုန်းစဉ် အခွန်လွတ်ဈေးအတွင်းပြင်ရှိ ဈေးရောင်း ဈေးဝယ် များအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်တင်မာမျိုးက ရှင်းပြသည်။ ညောင်ဦးမြို့နယ်တွင် လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်များ နှားခေါင်းစည်း တပ်ဆင်သွားလာမှု ၉၅ ရာခိုင်နှုန်းကျော် တပ်ဆင်လျက်ရှိကြောင်း၊ ညောင်ဦးခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့မှ ညောင်ဦး အခြေံပညာအထက်တန်းကျောင်းသို့လည်း နှာခေါင်းစည်း ၅၀ ပါဘူး ၁၅ ဘူးလှူဒါန်းဖြန့်ဝေခဲ့ကာ ၅၀ ပါဘူး၊ ၄၀ ဘူး ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD