ပလောက် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၄)ရပ်ကွက်တွင် ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပလောက်မြို့ မီးသတ်ဉီးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နေအိမ်များမှ မီးချိတ်၊ မီးကပ်၊ လှေကား၊ မီးသတ်ဆေးဘူးများနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ် ပေါ်လာပါက အရေးပေါ် ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဉီးသီဟအေးချိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်