အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ‌ ပေးအပ်လှူဒါန်း

မန္တလေး ဒီဇင်ဘာ ၁၇

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ‌ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ၁၃ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ထိုသို့လှူဒန်းရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ‌ဖြစ်သော ကိုယ်အပူချိန်တိုင်းတာသည့် သာမိုမီတာ (INFRARED THERMOMETER) စက်တစ်ခု၊ လက်သန့် ဆေးရည်ဘူး (၃၆) ဘူး၊ Face Shield အခု(၃၀)၊ နှာခေါင်းစည်း (Mask) ဘူး (၅၀)၊ စုစုပေါင်း တန်ဖိုး ၂၁၀၀၀၀ ကျပ်အား အလှူရှင်များဖြစ်ကြသည့် ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၆၀)၊ ၁၅လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားတွင် နေထိုင်ကြသော ဦးနေလင်းစိုး "မန္တလေး သံဆိုင်" မိသားစုက ပေးအပ်လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့် စာရေးဝန်ထမ်း ဦးအောင်ကျော်ကျော် တို့က လက်ခံရယူကြပြီးအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)