ကျောက်ဆည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်စက်ဝယ်ယူရန်အတွက် အလှူငွေ ကျပ်သိန်း (၅၀)လှူဒါန်း

ကျောက်ဆည်  ဒီဇင်ဘာ           ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ပေးစက် ဝယ်ယူရန်အတွက် ယနေ့နံနက်ပိုင်းက အလှူငွေကျပ်သိန်း(၅၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုများဆောင်ရွက်ရာတွင် အလှူရှင်များဖြစ်ကြသည့် ကျောက်ဆည်မြို့၊ ပြည်လုံးနိုင်ရပ် ဦးလှမြင့်-ဒေါ်ခင်ခင်ထွေး (စူပါဝမ်းစတိုး) မိသားစုမှအလှူငွေကျပ်(၂၀)သိန်း၊ ရန်ကုန်မြို့ဦးဇော်ဝင်း-ဒေါ်စန်းရီ (စူပါဖက်ရှင်စတိုး) မိသားစုမှ  အလှူငွေကျပ်(၁၅)သိန်း မန္တလေးမြို့ဦးတင်ဇော်ဝင်း-ဒေါ်သက်စုဟန်မိသားစုမှ အလှူငွေကျပ် (၁၅)သိန်း ၊ စုစုပေါင်း လှူဒါန်းငွေကျပ်သိန်း(၅၀)အား ပေးအပ်လှူဒါန်းရာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင်  ကိုဗစ်-၁၉ ရောဂါရှိသူတွေ့ရှိသူ(၅၀)ဦး ရှိရာလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ စနစ်တကျကုသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)