လွိုင်လင်မြို့နယ်တွင် ပဲပုတ်နှင့်နေကြာ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်မြေဩဇာ ထောက်ပံ့ပေးအပ်

လွိုင်လင်       ဒီဇင်ဘာ     ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြမှ အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းမှ တက်ရောက်လာကြသော တောင်သူများအား နေကြာနှင့် ပဲပုတ် စိုက်ပျိုးနည်း စနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော နေကြာမျိုးစေ့နှင့် မြေဩဇာများအား တောင်သူများထံသို့ တာဝန်ရှိသူများမှ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းသန့် (ပြန်/ဆက်)