လင်းခေးမြို့နယ်၊ နောင်တောင်၊ နောင်ခေါက်၊ နမ့်နော် ကျေးရွာလမ်း ကျောက်ခင်းခြင်း လုပ်ငန်းများစစ်ဆေး

လင်းခေး  ဒီဇင်ဘာ  ၁၇

လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် ကျေးရွာလမ်းများအား အဆင့်မြှင့်တင် ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၂၃.၄၁၈) သန်းဖြင့် နောင်တောင်၊ နောင်ခေါက်၊ ‌နမ့်နော်ကျေးရွာသွားလမ်း အရှည် ၃မိုင် အနက်  ၂ မိုင် ကျောက်ချောလမ်းခင်းပြီး ကျန်ရှိသည့် အရှည် ၁ မိုင် ၊ အကျယ်(၁၈)ပေရှိ‌လမ်း ကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို လင်းခေးခရိုင်၊ ဖွံဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွဋ်ဦးနှင့် တာ၀န်ရှိသူများ၏ အနီးကပ် ကြီးကြပ်မှုနှင့်အတူ လွိုင်ဆိုင်ဟိန်းကုမ္မဏီမှ တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင်အပြီး‌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

သန်းမြင့် (ခရိုင် ပြန်/ဆက်)