မိုင်းနောင် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ နောင်တောကျေးရွာနှင့် မိုင်းလင်းကျေးရွာချင်း ဆက် လမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ၂၅.၁၁.၂၀၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင် အကောင် အထည်ဖော် တည်ဆောက်ခဲ့သည်။
အဆိုပါ ပေ(၂၀) သံကူကွန်ကရစ် တံတားသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံဖြိုးရေး၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၄၃.၅၄၂) သန်းဖြင့် ဆောင်ရွက်ပြီး ဒေသနေ တိုင်းရင်းသားများ၏ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံဖြိုးတိုးတက်မှုတို့အတွက် ရည်ရွယ်ကြောင်း သိရသည်။
နောင်တောကျေးရွာနှင့် မိုင်းလင်းကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပေ(၂၀)သံကူ ကွန်ကရစ်တံတား ဆောက်လုပ် ပြီးစီးခဲ့ပါက (နောင်တော၊ မိုင်းဆောင်၊ မိုင်းလင်း) ကျေးရွာအုပ်စု (၃) အုပ်စု မှ အိမ်ခြေ(၄၈၄)အိမ်၊ လူဦးရေ (၂၆၄၉) ဦးတို့ သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ကာ ရာသီမရွေး သွားလာနိုင်ပြီး ကျေးလက်နေ ဒေသခံတိုင်းရင်းသားများ အားလုံး စီးပွားရေး၊ ပညာရေး၊ လူမှုရေးများ အဘက်ဘက်မှ တိုးတက်လာမည် ဖြစ်သည်။
မိုင်းနောင် (ပြန်/ဆက်)