ဖားဆောင်း ဒီဇင်ဘာ ၁၇
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က နန်းကစ်ကျေးရွာ၊ တောင်ပေါ်ကျေးရွာ၊ ဖားဆောင်းမြို့တောင်ပိုင်းရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်တို့၌ လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီထွေးနှင့်ဝန်ထမ်းများက အများပြည်သူ အလွယ်တကူ သိရှိရမည့် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို ပြည်သူများ အလေးထား လိုက်နာ နေထိုင်စေရေး နှင့် ရာသီဉတု ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်တတ်သော သဘာဝဘေး အန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်သည့် ဆောင်ရန် ရှောင်ရန် နည်းလမ်းများကို နန်းကစ်ကျေးရွာ၊တောင်ပေါ်ကျေးရွာ၊ဖားဆောင်းမြို့တောင်ပိုင်းရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်တို့တွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် လိုက်နာဆောင်ရွက်နိုင်စေရန် လိုက်လံနှိုးဆော်ပေးခဲ့ကြ ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)