ဇလွန်မြို့တွင် (A) အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသော စားသောက်ဆိုင်များနှင့် လဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေး

ဇလွန် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် (A) အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသော စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချနေခြင်းအား သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ ၊ မရှိ ကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါကူးစက်မှုအန္တရာယ်မှ ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချလျက်ရှိရာမှ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချနိုင်ရန် ( A ) အဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ ၊ မရှိ ကို စစ်ဆေးခဲ့ရာ စည်းကမ်းချက်များနှင့် ကိုက်ညီသောဆိုင် ၂၀ ပြန်လည်ဖွင့်လှစ် ရောင်းချနေမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ ၊ မရှိ ကိုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝေယံ -  ဇလွန် (ပြန် / ဆက်)