လယ်ဝေး ဒီဇင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ သာမန် ပြင်ထိန်းအသုံးစရိတ်ဖြင့် ဆောင်ရွက် နေသည့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက် သာမန် ပြင်ထိန်းလုပ်ငန်းများဖြစ်သည့် လယ်ဝေးမြို့အတွင်း အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းရှိ (၁၆ပေ× ၃ပေ× ၃ပေ) Box Culvert နှင့် အမှတ် (၆)ရပ်ကွက်၊ မြို့သစ်(၃)လမ်းရှိ (၁၂၇ပေ × ၃ပေ × ၃ပေ) Box Culvert ဆောင်ရွက်နေသည့် လုပ်ငန်းများအား အရည်အသွေးပြည့်မီရေးအတွက် မြို့နယ် စည်ပင်သာယာရေးရုံးမှ အင်ဂျင်နီယာ ဒေါ်အေးမြင့်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)