ဘိုကလေးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကိုယ်လက်လှုပ်ရှား အကအလှနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက် ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် နာရီခန့်တွင် ဘိုကလေးမြို့နယ်၏ လူစည်ကားရာ အရပ်များ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင်သွားလာစေရေး အသိပညာပေး(Mask Campaign) ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး လုပ်ငန်းတွင် နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း မရှိသူများအား နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်သွားလာရန် လိုအပ်ကြောင်း မြို့နယ်ဌာနဆိုင်ရာများမှ အသိပညာပေးခြင်း၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှလည်း ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား ဖျော်ဖြေမှုများနှင့်အတူ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)