ပန်းတနော် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ပန်းရွှေဝါပန်းခြံအတွင်း စိမ်းလန်းသာယာ လှပစေရေး ပြည်သူများ အပန်းဖြေနိုင်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်း က အဆိုပါ ပန်းခြံအား ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခြံအတွင်း ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများ ထားရှိခြင်းများ ဆောင်ရွက် ထားပြီး ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ပြည်သူများ အပန်းဖြေနားနေနိုင်စေရေးအတွက် ထိုင်ခုံနေရာများထားရှိခြင်း၊ လမ်းမီးတိုင်များပြန်လည်ပြုခြင်း၊ ဗိုလ်ချုပ်ကြေးရုပ်ထုရင်ပြင်နှင့် လွပ်လပ်ရေး ကျောက်တိုင်အား ပြန်လည်ပြုပြင် မွမ်းမံခြင်း စသည့်တို့အား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)