တုံတာမြို့၌ အသွားအလာကန့်သတ်ထားရှိသူ (၁၀) ဦးအား သတ်မှတ်ကာလပြည့်၍ နေအိမ်ပြန်ခွင့်ပြု

တုံတာ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိသူ (၁၀) ဦးအား တာဝန်ရှိသူများက သတ်မှတ်ကာလ ၁၄ရက်ပြည့်၍ ယနေ့မွန်းလွဲပိုင်း က မိမိနေအိမ်သို့ ပြန်ခွင့်ပြုခဲ့သည်။

ထိုသို့ ပြန်ခွင့်ပြုရာတွင် တုံတာမြို့ ကျန်းမာ‌ရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေး က အသွားအလာ ကန့်သတ်ထားရှိသူ (၁၀) ဦး အား အသွားအလာကန့်သတ်ထားရှိကာလ ၁၄ ရက် ပြည့်နေထိုင်ပြီးစီးကြောင်း ထောက်ခံစာကို တစ်ဦးချင်းစီလက်မှတ်‌ရေးထိုးထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသွားအလာ ကန့်သတ်ထားရှိသူ (၁၀)ဦးသည် တာချီလိတ်မြို့မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၎င်းတို့သည် နေအိမ်တွင်အသွားအလာကန့်သတ်ခြင်း နောက်ထပ် (၇)ရက်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ် စည်းကမ်းချက်များ အတိုင်းဆက်လက်၍ လိုက်နာနေထိုင်သွားမည် ဖြစ်ပါကြောင်းနှင့် စည်းကမ်းချက်များလိုက်နာရန် ပျက်ကွက် ပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်များ ရေးထိုးစေခဲ့ကြောင်း မြို့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)