ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင် များအား လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

 ရှားတော ဒီဇင်ဘာ ၁၇

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား လိုက်လံစစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါသည် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်း ကူးစက်မှု များပြား လာနေပြီဖြစ်ရာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက် ခြင်းမှ ကူးစက်ခံရမှုမရှိစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့က မြို့ပေါ် ရပ်ကွက်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုစေရေး၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးနှင့် Take-away စနစ်ဖြင့် ဝယ်ယူ စားသောက် ရေး လိုက်လံစစ်ဆေးပြီး Mask များကို စနစ်တကျ တပ်ဆင် စေရေး၊ လက်ကို မကြာခဏ ဆေးကြောစေရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)