ဟိုပုံးမြို့နယ်အတွင်းရှိ ကျွဲ၊ နွားနှင့် ဆိတ်များကို ရောဂါကာကွယ်ဆေးထိုးနှံပေး

ဟိုပုံး  ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ဘော်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ တွင် ကျွဲ၊ နွားနှင့် ဆိတ်များ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှစတင်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသအဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ချစ်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသိန်းစိုး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဖုန်းမြတ်ကျော် နှင့် တာဝန်ရှိသူများက ဘော်ကုန်းကျေးရွာအုပ်စု၊ ကွန်းခေးကျေးရွာရှိ ကျွဲ(၈၈)ကောင်ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဟိုနားကျေးရွာရှိ နွား (၈၅) ကောင်ကို လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေး ထိုးနှှံပေးခြင်း၊ နားလော ကျေးရွာရှိ နွား (၃၅) ကောင်ကို လည်ချောင်းရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆိတ် (၄၅) ကောင်ကိုလည်း အားဆေးနှင့် ကပ်ပါးပိုး အတွက် ကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိုပုံး (ပြန်/ဆက်)