မြန်အောင် တာမိုင် ၆/၃ မကျီးစုတာနှင့် ၆/၇နှင့်၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်သွားမည်

မြန်အောင်  ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်မြန်အောင်မြို့ မြန်အောင်တာမိုင်  / မကျီးစုတာနှင့်  / နှင့် ၇/ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယခုနှစ်မိုးရာသီတွင် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ကမ်းထိန်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြန်အောင်မြို့ မကျီးစု ကမ်းထိန်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာနှစ်တွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ (၉၀၀)ပေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်အောင်မြို့ အမှတ်()ရပ်ကွက် မကျီးစု မြန်အောင် တာမိုင်(/)အနီး ဧရာဝတီမြစ်ကမ်းဘေး ကမ်းထိန်း လုပ်ငန်း အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ အလျား ၁၂၀ ပေ၊ အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက်ရေကာ အလျား ၅၅၀ ပေနှင့် ကမ်းပါးထိန်းမျောကရစ်တည်ဆောက်ခြင်း (Slope Polyfelt)အုပ်ခြင်း၊ Steel Cable Groyne အလျား ၁၅၀ ပေ ၁၄ ခုကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်တာမိုင် / အနီး ကမ်းပါးထိန်း မျောကရစ်တည် ဆောက်ပြီး(Slope Polyfelt)အုပ်ထားသော နေရာတွင် ကမ်းပြိုမှု ဖြစ်ပေါ်ခြင်း၊ မြန်အောင် တာမိုင် / နှင့် / အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှု ဖြစ်ပေါ်ခြင်းနှင့် မြန်အောင် တာမိုင်(/)အနီး ဧရာဝတီမြစ်ကမ်းဘေး အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ် ကျောက်ပြားကပ်တမံများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင်  မြန်အောင်မြို့ အမှတ်()ရပ်ကွက် မြန်အောင်တာမိုင် / အနီးတွင်မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး  မြစ်ကမ်းပြိုကျမှု ဖြစ်ပေါ်နေသော နေရာအနီးရှိရေကာတာမှာ   ၂၀၁၉ ခုနှစ်၌ တာလုံးရွှေ့ခြင်း၊ ပန်းတာတည်ဆောက်ခြင်း ဆောင်ရွက်ထားသော ရေကာတာဖြစ်ပြီး မီးရထားလမ်း၊ မြန်အောင်-ကြံခင်း ကားလမ်းမနှင့် နီးကပ်လျက်ရှိပြီး ကမ်းပြိုကမ်းစားမှုကြောင့် တာမိုင် / အနီးတွင် တာခြေနှင့် ပေ (၂၀)ခန့် နီးကပ်လျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့ မြစ်ကမ်းထိန်း လုပ်ငန်းများကို  ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်  မြန်အောင်တာမိုင်  / မကျီးစုတာ မြစ်ကမ်းထိန်းလုပ်ငန်းကို ကျပ်(၂၀၀)သန်း ဖြင့် Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo bag ချခြင်းလုပ်ငန်းနှင့် မြန်အောင်တာမိုင်  / နှင့်၇/ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်းကို ကျပ်(၂၀၀)သန်းဖြင့် Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo bag ချခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံမှ သိရသည်။

ဝင်းဗိုလ်မြန်အောင်