လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်လဲကျပြီး နေအိမ်နှစ်လုံးပျက်စီး

သရက်ချောင်း   သြဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် အုန်းပင်လဲကျပြီး လူနေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်ကျေးရွာနေ ဦးစစ်နိုင် နေထိုင်သည့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းအမျိုးအစား (အလျား ၁၈ ပေ x အနံ ၁၅ ပေ) ခန့်ရှိ နေအိမ်ခေါင်မိုးပေါ်သို့ အမြင့် (၃၀) ပေခန့်ရှိ အုန်းပင်လဲကျ၍ နေအိမ်ခေါင်မိုးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဒေါ်လှဝင်းနေထိုင်သည့် ဓနိမိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအမျိုးအစား (အလျား ၄၀ ပေ x အနံ ၂၀ ပေ) ခန့်ရှိ နေအိမ်ခေါင်မိုးပေါ်သို့ အမြင့် (၃၃) ပေခန့်ရှိ အုန်းပင်လဲကျ၍ နေအိမ်ခေါင်မိုးပျက်စီးခဲ့ကြောင်း သိရပါသည်။

အဆိုပါ နေအိမ်နှစ်လုံး၏ အိမ်ခေါင်မိုးများပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)