အင်္ဂပူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့်‌ ကြိုတင်ပြောင်းရွေ့ခဲ့သော လူနေအိမ်များအတွက်‌ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်

အင်္ဂပူ  ဒီဇင်ဘာ ၁၇

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်‌နေ့ မွန်းလွဲ ၃ နာရီက အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင် ကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက‌ ဒီဇင်ဘာ (၁၅)ရက်နေ့က ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၃)လုံး၊ အိမ်‌ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၃၀၀ဝဝဝိ/-)၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် (၂၉၄၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့မှု တန်ဖိုး-(၃၂၉၄၀၀/-) ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)