ဒေးဒရဲ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များကို ရှင်းလင်းပြောကြား၍ ကျေးရွာ အုပ်စုများမှ ကိုဗစ်-၁၉ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိ၍ တင်ပြလာသည့် တိုင်ကြားစာများနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်စိမ်းကားများအနေဖြင့် သတ်မှတ်နေရာတွင် နေထိုင်မှု မရှိခြင်း ကိစ္စရပ်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက် လာကြသည့် ကော်မတီဝင်များက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)