ဟိုပန်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ဟိုပန်  ဒီဇင်ဘာ ၁၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ ယနေ့နံနက် (၁၀) နာရီအချိန် က ဟိုပန်မြို့ကောင်းဟုန်းရပ်ကွက်၊ မန်မိုင်ရပ်ကွက်တို့တွင်  အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး ဒေါ်ဟိဏ်းသီရိကျော်နှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လိုက်နာရမည့်အချက်များကို အသိ ပေးကြေညာခြင်း၊ နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး ဟိုပန်မြို့နယ်ရှိ ရုံးကုန်း၊ ကောင်းဟုန်း၊ မန်မိုင်၊ စျေး၊ မန်ခွန်၊ မန်ကောင်း၊ ပန်လုံလမ်း ရပ်ကွက်များနှင့် ပန်လော့၊ နောင်မို၊ ကောင်းကော်၊ နောင်အွန်၊ မော်ဟွေ့၊ ဟင်းနားကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)