ငါန်းဇွန်မြို့နယ်တွင်းရှိ Facility Quarantine Center များသို့ ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များဆောင်ရွက်ပေး

ငါန်းဇွန် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ Facility Quarantine Center များသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီခွဲအချိန်အထိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြို့နယ် Coronavirus disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၊ မြို့နယ် Coronavirus disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္က ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းစိုးနှင့် တာဝန် ရှိသူများသည် မြို့သာတိုက်နယ်ဆေးရုံတွင် PUI လူနာထားရှိမည့်နေရာ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး မြို့သာအရှေ့ကျေးရွာအ.ထ.က၊ မြို့သာအနောက်ကျေးရွာ အ.မ.က၊ အောက်ရိုး ကျေးရွာ အ.မ.ကနှင့် မန္တလေး-မြို့သာစက်မှုဉယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အတွင်းရှိ Facility Quarantine Center များသို့ သွားရောက်ပြီး Quarantine ဝင်ရောက်နေသူများအား အားပေးစကားပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို လိုက်နာကြရန်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ Quarantine Centerမှ တာဝန်ရှိသူများ၊ volunteer အဖွဲ့ဝင်များ နှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)